လိုချင်တာဒီမှာရေးရှာပါ

22 December 2016

Resistor


ဖုန်းအတွင်းတွင် အသုံးပြုထားသော အီလက်ထရောနစ် အခြေခံပစ္စည်း (basic electronic components)

လေးများအကြောင်းကို အကြမ်းဖျင်း လေ့လာကြည့်ရန်အတွက် တခုခြင်းစီအကြောင်းကို ပြောပြပေးပါမည်။
ဆရာ ကိုစိုးမြတ်သူ ရေးသားထားသော Post ဖြစ်ပါသည်။ ဆရာရေ ကျေးဇူးပါ ခင်ဗျား။

1. Resistor

ခုခံတားဆီးလျှော့ချပေးသည်။ တန်ဖိုးကို ခုခံတားဆီးဟန့်တားခြင်း (impedance) ဖြင့် ဖေါ်ပြသည်။
ဗို့အားပေးလမ်းကြောင်း (Power Supply)၊ အသံလမ်းကြောင်း (Audio)၊ အချက်ပြလမ်းကြောင်း (Signal)
ရေဒီယိုလွှင့်ဖမ်းလမ်းကြောင်း (Radio Transmit & Receive) များတွင် ထည့်သွင်းအသုံးပြုလေ့ရှိသည်။
၎င်း၏တန်ဖိုးကို ခုခံမှု အုမ်း (Ohm) ဖြင့် ဖေါ်ပြသည်။ ခုခံမှုနည်းလျှင် အုမ်းတန်ဖိုးနည်းပြီး ခုခံမှုများလျှင်
အုမ်းတန်ဖိုးများသည်။
0Ohm မှ စတင်ပြီး နမူနာအားဖြင့် 0.1 , 0.5 , 10 , 100 , 1000 , 10000 , 100000 စသည့် တန်ဖိုးအသီးသီး
ရှိကြသည်။
အုမ်းတန်ဖိုး 1000 Ohm ဆိုလျှင် 1K (Kilo Ohm) နှင့် 1000K ဆိုပါက 1M (1,000,000 Ohm) ဟု
သတ်မှတ်သည်။
ယခင်အီလက်ထရောနစ်ပစ္စည်းများတွင် အရွယ်အစားကြီးမားသော Resistor များကို အသုံးပြုကြပြီး
တန်ဖိုးကို ကိုယ်ထည်ပေါ်တွင် အရောင် (color code) ဖြင့် ဖေါ်ပြသည်။
ခေတ်ပေါ်အီလက်ထရောနစ်ပစ္စည်းများတွင် အသုံးပြုသော Resistor များမှာ အရွယ်အစားလွန်စွာသေးငယ်ပြီး
ဆားကစ်ပြားပေါ်တွင် တွဲကပ်တပ်ဆင်ထားသော SMD (Surface Mount Device) များဖြစ်သောကြောင့်
တန်ဖိုးရေးမထားတတ်ပါ။
အလုပ်လုပ်ပုံကို လေ့လာကြည့်ပါက Resistor တလုံးကို ရေတံခါးတခုလို မြင်ကြည့်လိုက်ပါ။
ရေပိုက်မှ စီးဆင်းလာသောရေကို လိုအပ်သလောက်သာ ရယူနိုင်ရန် ရေတံခါး တပ်ဆင်ထားသည်။
ရေ နည်းနည်းပဲကျစေလိုလျှင် ရေတံခါးကို နည်းနည်းပဲ ဖွင့်၊ များများကျစေလိုလျှင် များများဖွင့်ပေးရသည်။
Resistor များတွင်လဲ ထိုနည်းတူစွာဖြစ်သည်။
Resistor ကို ဖြတ်သန်းစီးဆင်းစေသော (အသံအချက်ပြဆိုပါစို့) အသံကို တဖက်တွင်
နည်းနည်းသာရောက်စေလိုပါက Resistor တွင် ခုခံမှုတန်ဖိုးအုမ်းများများ၊
များများရောက်စေလိုပါက ခုခံမှုအုမ်းတန်ဖိုး နည်းနည်းသာ ထည့်သွင်းအသုံးပြုသည်။
ပုံတွင် အဝါရောင်ဖြင့် ဝိုင်းပြထားသော အနက်ရောင် Resistor လေးများကို မြင်တွေ့နိုင်သည်။
ဆားကစ်ပတ်လမ်းပေါ်တွင် ခဲတွဲရန် Resistor များ၏ ထိပ်နှစ်စတွင် ခဲစလေးများရှိသည်။
အပေါင်းဘက် အနှုတ်ဘက် ခွဲခြားထားခြင်းမရှိသောကြောင့် ဖြုတ်တတ်လုပ်လျှင် ဘက်ရွေးရန်မလိုပါ။

ဖုန်းအတွင်းတွင် Resistor များကို အကြမ်းအားဖြင့် သုံးမျိုးသုံးလေ့ရှိသည်။

1. Fuse Resistor


အားသွင်းလမ်းကြောင်းတခု၏ပုံကို နမူနာ ပြထားသည်။ Schematic Diagram တွင် F901 ဖြင့် ပြထားသော
Fuse ပုံလေးမှာ Fuse Resistor ဖြစ်သည်။ Block Map တွင် ကော်ဖီရင့်ရောင် Fuse Resistor ကို
အဝါရောင်ဖြင့်ဝိုင်းပြထားသည်။ Fuse Resistor ၏ ကျောပေါ်တွင် အဖြူရောင်အစက်ဖြင့်
အမှတ်အသားပြုထားသည်။

ဗို့အားပေးလမ်းကြောင်းများတွင် ရှော့ဖြစ်ပါက ပတ်လမ်းနှင့် ဗို့အားပေးပိုင်း အဆက်အသွယ်
ပြတ်တောက်စေရန်
ဖြူးစ် (fuse) အဖြစ် ထည့်သွင်းအသုံးပြုသည်။ အားသွင်းလမ်းကြောင်းများတွင်လဲ သုံးသည်။
တန်ဖိုးအလွန်နည်းပါးသော အုမ်းတန်ဖိုး (0Ohm to 10Ohm) အတွင်း သုံးလေ့ရှိသည်။
၎င်းတို့ တပ်ဆင်ထည့်သွင်းထားသော ဗို့အားပေးလမ်းကြောင်းတွင်ရှိသော
IC , Condenser နှင့် အခြား Components များ ရှော့ဖြစ်ပါက Fuse Resistor ကို ပြတ်တောက်စေသည်။
ရှော့ကုန်အောင် ရှင်းထုတ်ပြီးမှ Fuse Resistor ပြန်တတ်ပေးရမည်။ ရှော့ကျန်နေလျှင် Fuse Resistor
ပြန်ပြတ်တတ်သည်။

2. Voltage & Signal Dropper Resistor

 

မူရင်းပေးသွင်းထားသော ဗို့အားပေးလမ်းကြောင်း အချက်ပြလှိုင်းလမ်းကြောင်းတို့မှ
တနေရာတွင် လျော့နည်းရောက်ရှိစေလိုပါက ကြားတွင် ဗို့အား၊ အချက်ပြလျှော့ချပေးရန်
Dropper Resistor များကို တပ်ဆင်အသုံးပြုသည်။
ဥပမာအားဖြင့် ဖုန်း၏ Home key , Back key & Menu key များကို မြင်သာစေရန်
Touch screen ၏ အောက်ခြေတွင် LED မီးသီးလေးများကို ထည့်သွင်းအသုံးပြုထားသည်။
၎င်းမီးသီးလေးများတွင် ပေးသွင်းဗို့များလွန်းလျှင် စူးရှသောအလင်းရောင် ထုတ်လွှတ်ပေးမည်။
Key များမြင်သာရုံ အသင့်အတင့်အလင်းရောင်သာ ထုတ်လွှတ်စေလိုသောကြောင့် LED များ၏
ဗို့ပေးလမ်းကြောင်းတွင် Resistor ကို voltage dropper Resistor အဖြစ် ထည့်သွင်းထားသည်။
ထို Resistor ခုခံမှုတန်ဖိုးနည်းလျှင် ဗို့အားအရောက်များသောကြောင့် LED များ ပိုလင်းမည်။
ခုခံမှုတန်ဖိုးများလျှင် ဗို့အားအရောက်နည်းပြီး အလင်းရောင် မှိန်မည်။
ထိုနည်းတူစွာ အသံလှိုင်း ရေဒီယိုလှိုင်း အချက်ပြလှိုင်းတို့တွင်လဲ အသုံးပြုသည်။
ပုံတွင် အဝါရောင်ဖြင့် ဝိုင်းပြထားသော Resistor လေးမှာ ဘေးတွင်ရှိသော LED (အဝါရောင်) မီးသီးလေး၏
အလင်းရောင်ကို လိုအပ်သလို လျှော့ချရန်အတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

3. Voltage Divider Resistor

ဗို့အားတခုကို တည်ငြိမ်စေရန်အတွက် အပေါင်းဘက်နှင့် အနုတ်ဘက် နှစ်ဘက်မျှတပ်ဆင်ထားသည်။
ဥပမာအားဖြင့် အပေါင်းဗို့ကို Resistor ဖြင့် လျှော့ချပေးထားသည်။ လျှော့ချထားသော ဗို့အားမှာ ဝန် (load)
မရှိပါက
မူရင်းဗို့အားအတိုင်းသာ ရှိနေမည်။ ဝန်တခုခုအသုံးပြုမှသာ လျော့သွားမည်။ ဝန် သုံးသည်ဖြစ်စေ
မသုံးသည်ဖြစ်စေ
ဗို့အားတခုကို တသမတ်ထဲ ပုံမှန်အတိုင်းသာရှိစေလိုပါက အပေါင်းဘက် အနုတ်ဘက်တွက် Resistor
တလုံးစီဖြင့် ဗို့အားကို တည်ငြိမ်စေရန် အသုံးပြုသည်။
အသုံးပြုထားသော Resistor တန်ဖိုးအပေါ်မူတည်ပြီး သက်ရောက်ဗို့ ပြောင်းလဲသည်။
လျှပ်စီးကြောင်း (current) တည်ငြိမ်စေလိုပါက load resistor အဖြစ်လည်း အနုတ်လိုင်းတွင်
ခွဆက်သုံးထားတတ်သည်။
ပုံတွင် R906 (330K) သည် အပေါင်းဘက်မှ ဗို့လျော့ Resistor ဖြစ်ပြီး R907 (39.2K) သည် အနုတ်ဘက်မှ
ဗို့လျော့ Resistor ဖြစ်သည်။


Resistor များသည် အလွန်သေးငယ်သဖြင့် တခါတရံတွင် တခြားပစ္စည်းများ ဖြုတ်တတ်လုပ်ရင်း
ပြုတ်ပါသွားတတ်သဖြင့် ဂရုပြုရန်လိုသည်။ အရေးကြီးသောအပိုင်းမှ Resistor တလုံး ပြုတ်ထွက်လျှင်
ဖုန်းပါဝါမနိုးနိုင်တော့သော ပြစ်ချက်မျိုးပင် ကြုံတွေ့တတ်သည်။

Resistor များတွင် အကြမ်းအားဖြင့် နှစ်မျိုးပျက်တတ်သည်။
မူရင်းတန်ဖိုးထက် ပိုများသွားခြင်း (high ohm) နှင့် ပွင့်ပြတ်သွားခြင်း (open) တို့ဖြစ်သည်။
အပူကြောင့် တန်ဖိုးပိုများသွားတတ်ပြီး ရှော့ဖြစ်သောကြောင့် ပွင့်ပြတ်တတ်သည်။
High Ohm ဖြစ်လျှင် ရေပိုက်တွင် အမှိုက်ဆို့သလိုဖြစ်သောကြောင့် ရေအပြည့်မစီးနိုင်သလို
ဗို့အား အချက်ပြလှိုင်းတို့လဲ အပြည့်အဝမရောက်နိုင်။ ဆားကစ်ပတ်လမ်း ပုံမှန်အလုပ်လုပ်နိုင်ခြင်း
အသံတိုးခြင်း လိုင်းကောင်းစွာမမိခြင်း စသည်တို့ ဖြစ်တတ်သည်။
Open ဖြစ်လျှင် ဗို့လုံးဝမရောက်သောကြောင့် အားမဝင်ခြင်း အရုပ်မပေါ်ခြင်း အသံမလာခြင်း လိုင်းမမိခြင်းတို့ဖြစ်တတ်သည်။

Hardware ပိုင်း Intro

Mobile Phone Hardware Service အား လေ့လာခြင်း

ဆရာ စိုးမြတ်သူ ရေးသားထားသော Post ဖြစ်ပါသည်။ ဆရာရေ ကျေးဇူပါ ခင်ဗျား။

            မိုဘိုင်းဖုန်းပြုပြင်ခြင်းတွင် အပိုင်းနှစ်ပိုင်း ရှိသည်။ ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြုပြင်သော
Software Service နှင့် ဖုန်းအတွင်းပိုင်းပစ္စည်းများကို ဖြုတ်တတ်လြဲပုပြင်သော Hardware Service
တို့ဖြစ်သည်။

Software service တွင်


ဖုန်းကို root ဖေါက် မြန်မာစာထည့်သွင်းခြင်း၊ game နှင့် application များသွင်းခြင်း၊ pin lock pattern lock
ဖြည်ခြင်း၊ network lock ဖြည်ခြင်း၊ maleware များ ရှင်းလင်းဖျက်ထုတ်ခြင်း၊ firmware တင်ခြင်း၊ update
မြှင့်ခြင်း အစရှိသည်တို့ဖြစ်သည်။

Hardware service တွင်

စပီကာ (speaker)၊ မိုက် (mic)၊ Touch၊ LCD လဲလှယ်ခြင်း၊ IC ကဲ့သို့သော ပံ့ပိုးပစ္စည်း (components)
များလဲလှယ်ခြင်း တို့ဖြစ်သည်။
Mobile hardware service လုပ်ရာတွင် ပြစ်ချက်ဖြစ်ပေါ်သောအပိုင်းကိုရှာဖွေခြင်း၊
ရောက်ရှိနေရမယ့် ပေးသွင်းဗို့ (power supply)၊ အချက်ပြလှိုင်း (signal) တို့ကို တိုင်းတာစစ်ဆေးခြင်း၊
ပျက်စီးနေသော အီလက်ထရောနစ်ပံ့ပိုးပစ္စည်းများကို ရှာဖွေစစ်ဆေးဖေါ်ထုတ်ခြင်း၊ လဲလှယ်အစားထိုးခြင်း
စသည့် အဆင့်အလိုက် လုပ်ငန်းစဉ်များရှိသည်။

Hardware service လုပ်ရာတွင် software service ကိုလည်း အတန်အသင့် နားလည်ထားရန်လိုသည်။
တချို့သောပြစ်ချက်များမှာ hardware မလုပ်ခင် software ပိုင်းကို အရင်စစ်ရန်လိုသောကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် ဖုန်းတလုံးတွင် ဖုန်းလာသောအခါ ring tone မမြည်ဘူးဆိုပါစို့။

Music player တခုခုဖြင့် သီချင်းဖွင့်ကြည့်သောအခါ အသံထွက်လာပါက ဖုန်း၏ hardware ပိုင်းတွင်ရှိသည့်
အသံချဲ့ပိုင်း (audio amplifier)၊ စပီကာ (speaker) တို့ ကောင်းမွန်သည်ဟု အကြမ်းဖျင်းမှတ်ချက်ချနိုင်သည်။
Hardware ပိုင်းမစစ်ခင် software ပိုင်းကို အရင်စစ်သင့်သည်။ Sound setting ထဲတွင် အသံပိတ်ထားခြင်း
(mute)၊ ringtone သံ တိုးထားခြင်း၊ call recorder ကဲ့သို့ အသံဖမ်းဆော့ဖ်ဝဲများသွင်းထားသဖြင့် အသံပိုင်းကို
အနှောင့်အယှက်ဖြစ်ခြင်း၊ ဖုန်းနှင့် မကိုက်ညီသော အသံပိုင်းဆိုင်ရာ application သွင်းထားခြင်း တို့ကို
စစ်ဆေးသင့်သည်။ Callrecorder ကဲ့သို့သော အသံနှင့်သက်ဆိုင်သည့် application များကို ဖျက်ထုတ်ခြင်း၊
fectory reset ချခြင်း၊ firmware ပြန်ရေးခြင်း တို့ကို စမ်းသပ်သင့်သည်။ Software ပိုင်း ပြုပြင်မရတော့မှ
hardware ပိုင်းကို ပြင်ဆင်သင့်သည်။

ပါဝါမပွင့်တော့သော ဖုန်းတလုံးကို software error နှင့် hardware error ကိုလဲ ခွဲခြားသိရန်လိုသည်။
ဗို့အားပေးပိုင်း (power supply) ပျက်စီးခြင်း၊ မှတ်ညာဏ်ပိုင်း (memory chip) ပျက်စီးခြင်းတို့ကဲ့သို့
hardware error များရှိသကဲ့သို့ OS (Operating System) ကို ဖွင့်ပေးသည့် bootloader ပိုင်း ပျက်စီးခြင်း၊
firmware ပျက်စီးခြင်းကဲ့သို့ software error များလဲ ဖြစ်တတ်သည်။
Service လုပ်ရာတွင် software နှင့် hardware တို့၏ ချိတ်ဆက်အလုပ်လုပ်ပုံကိုလဲ နားလည်ထားရန်လိုသည်။
နောက်ပိုင်းတွင် သာဓကများဖြင့် အသေးစိတ် ရှင်းလင်းပေးပါမည်။

Mobile Phone Hardware Service ကို လေ့လာရာတွင် အကြမ်းအားဖြင့် (၄) ပိုင်း
ပိုင်းခြားလေ့လာနိုင်ပါသည်။

1. Schematic Diagram, Layout Map & Block Map

ဆားကစ်တည်ဆောက်ထားပုံကို ဖေါ်ပြထားသော schematic များကို လေ့လာခြင်း၊
အီလက်ထရောနစ်ပံ့ပိုးပစ္စည်းလေးများကို ဆားကစ်ဘုတ်ပြားပေါ်တွင် နေရာချထားခြင်းကို လေ့လာခြင်း နှင့်
ဆားကစ်ပြား၏ ဓါတ်ပုံကို လေ့လာခြင်းဖြစ်သည်။
မူရင်းတည်ဆောက်ပုံ ဆားကစ်ပတ်လမ်းအပြည့်အစုံကို လေ့လာခြင်းထက် အပိုင်းခြွဲခားလေ့လာနိုင်လျှင်
ပိုမိုရှင်းလင်းလွယ်ကူသည်။ ဥပမာ အသံပိုင်း၊ အရုပ်ပိုင်း၊ ရေဒီယိုပိုင်း စသည်တို့ကို အပိုင်းခွဲခြားလိုက်လျှင်
ပိုမိုရှင်းသည်။


2. Theory , Structure & How to work

ဖုန်းအတွင်းတွင် အပိုင်းတခုခြင်း အလုပ်လုပ်ပုံ၊ အပိုင်းအခြင်းခြင်း ချိတ်ဆက်အလုပ်လုပ်ပုံ၊
ပတ်လမ်းစီးဆင်းလည်ပတ်ပုံ၊ ဗို့အားလမ်းကြောင်းများ ခွဲဝေလုပ်ဆောင်ပေးပုံ၊ အချက်ပြလမ်းကြောင်းများ၏
အလုပ်လုပ်ပေးပုံ အစရှိသည်တို့ကို အသေးစိတ်လေ့လာခြင်းဖြစ်သည်။

3. Check error & Analysis volts and control signals

ပြစ်ချက်ရှာဖွေစစ်ဆေးခြင်း၊ ပေးသွင်းဗို့နှင့် အချက်ပြလှိုင်းများ စစ်ဆေးခြင်း၊
အီလက်ထရောနစ်ပံ့ပိုးပစ္စည်းလေးများ ကောင်းမကောင်း တိုင်းတာစစ်ဆေးခြင်း၊ အမြင်အားဖြင့်
ရေဝင်ဆားပေါက်ဖြင်း လောက်ကျွမ်းထားသည်များကို စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။

4. Ball & Reball ICs and Components

ပျက်စီးနေသော IC ၊ speaker ၊ mic အစရှိသည်တို့ကို ဖြုတ်တတ်လဲဖြင်းဖြစ်သည်။
၎င်းအပိုင်းတို့ကို သင့်တင့်မျှတစွာ လေ့လာတတ်မြောက်လျှင် မိုဘိုင်းဟာ့ထ်ဝဲဆားဗစ်လုပ်ငန်းကို
အောင်မြင်စွာ လုပ်ကိုင်နိုင်ပါလိမ့်မည်။


1. Schematic Diagram , Layout Map & Block Map

Schematic Diagram

Huawei G610U00 ဖုန်း၏ Schematic ဖြင့် နမူနာပြထားသည်။ ဖုန်းအတွင်းရှိ ဗို့အားခွဲဝေပေးသော
ဗို့အားပေးပိုင်း (Power Management Unit IC PMU) ၏ Schematic Diagram ဖြစ်သည်။
ပုံတွင် PMU သို့ ပေးသွင်းဗို့များ၊ PMU မှထုတ်ပေးသော အထွက်ဗို့လိုင်းများ၊ PMU ကို
ထိန်းချုပ်မောင်းနှင်ပေးသည့် Oscillation (လှိုင်း) များ၊ အခြားပံ့ပိုးပစ္စည်းများဖြင့် တွဲစပ်အလုပ်လုပ်ပုံများကို
အသေးစိတ် အပြည့်အစုံ ထည့်သွင်းဖေါ်ပြထားသည်။

Huawei G730-C00 Schematic Diagram & Layout Map

Huawei G730-C00 Schematic Diagram
Download Here

Huawei G730-C00 Layout Map

အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ

Huawei G6-U00 Schematic Diagram & Layout Map

Huawei G6-U00 Schematic Diagram


Download Here

Huawei G6-U00 Layout Map
Download Here
အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ

Huawei G6-C00 Schematic Diagram & Layout Map

Huawei G6- C00 Schematic Diagram
Download Here

Huawei G6-C00 Layout Map

Download Here

အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ

Huawei C8816&C8816D Schematic Diagram And Layout Map

ဖုန်းပြုပြင်ခြင်း အတတ်ပညာ လေ့လာတဲ့အခါ
Diagram တွေ ကြည့်ပြီး လမ်းကြောင်းလေးတွေ ကြည့်တက်ဖို့ လိုအပ်ပါတယ်

Huawei C8816&C8816D Schematic Diagram
Download Here

Huawei C8816&C8816D Layout Map
Download Here

အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ

Huawei C8813 Schematic Diagram & Layout Map

ဒါကတော့ Huawei C8813D ရဲ့ Diagram နဲ့ Layout Map ပါ
ကျနော်တို့ Hardware ပိုင်းကို လေ့လာခါစ သင်တန်းတက်တော့
ဆရာ Diagram သင်တဲ့အခါ C8813D ကို အခြေခံအားဖြင့် သင်ပြပေးပါတယ်
လေ့လာမယ် ညီငယ်တွေ Download ဆွဲထားပေါ့
ပြီးရင် Adobe Reader နဲ့ ဖွင့်
လမ်းကြောင်းရှာပုံ ရှာနည်း
နောက်ပိုင်း သင်ပြပေးပါမယ်
Section တစ်ခုချင်းဆီ ရဲ့ အလုပ်လုပ်ပုံ အခန်းရောက်ရင် သင်ခန်းစာအဖြင့်
Huawei C8813D diagram ကို လမ်းကြောင်း ဆွဲပြီး သင်ပြပေးပါမယ်

Huawei C8813D Schematic Diagram

Download Here


Huawei C8813D Layout Map

Download Here

အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ